Myanmar Embassy in New Delhi holds Flag Hoisting and Salutation ceremony to mark 78th Independence Day of the Republic of the Union of Myanmar (4-1-2026, New Delhi)

On the auspicious occasion of the 78th Independence Day of the Republic of the Union of Myanmar, observed on January 4, 2026, a Flag-Hoisting and Salutation Ceremony was held at the Embassy of Myanmar in New Delhi. H.E. U Zaw Oo, Ambassador of Myanmar to India, along with the officials and staff from the Myanmar Embassy and the Office of the Military Attaché (Army, Navy, and Air), saluted the national flag of Myanmar accompanied by the National Anthem. Following the ceremony, refreshments were served to the attendees.

မြန်မာသံရုံး၊ နယူးဒေလီမြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုခြင်းအခမ်းအနား ကျင်းပပြုလုပ်
(၄-၁-၂၀၂၆၊ နယူးဒေလီမြို့)
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် မြန်မာနိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို မြန်မာသံရုံး၊ နယူးဒေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး ဦးဆောင်၍ မြန်မာသံရုံး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံး အရာထမ်း၊ အမှူထမ်းများမှ နိုင်ငံတော်သီချင်းဖြင့် မြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများကို အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရ ပါသည်။