Commencement of Advance Voting for the 2025 Multiparty Democratic General Election at the Embassy of Myanmar in New Delhi (4 December 2025, New Delhi)
The first day of advance voting for the 2025 Multiparty Democratic General Election for Myanmar citizens residing in India was successfully conducted at the Embassy of Myanmar in New Delhi on 4 December 2025 (Thursday), from 09:30 to 16:30.
Myanmar nationals living across India visited the Embassy to participate in the democratic process through advance voting.
His Excellency U Zaw Oo, Ambassador of Myanmar to India, supervised the proceedings to ensure the smooth and orderly conduct of the voting process. Embassy officials facilitated the process by verifying and issuing ballot papers as well as providing voters with the necessary instructions on the voting procedures.
Advance voting will continue over a three-day period, from 4 to 6 December 2025, at the Embassy of Myanmar in New Delhi.
အိန္ဒိယနိုင်ငံရောက်မြန်မာနိုင်ငံသားများ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် မဲရုံဖွင့်လှစ်ဆောင်ရွက်
(၄-၁၂-၂၀၂၅၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲ၊ ကြိုတင်ဆန္ဒမဲပေးခြင်း ပထမ နေ့ကို နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် ၄-၁၂-၂၀၂၅ ရက်နေ့ (ကြာသပတေးနေ့) နံနက် ၀၉: ၃၀ မှ ၁၆:၃၀ အချိန်အထိ ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံရောက် မဲဆန္ဒရှင်ပြည်သူများ လာရောက် ဆန္ဒမဲပေးခဲ့ကြပါသည်။
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးက မဲရုံမှူးအဖြစ် ကြီးကြပ်ဆောင်ရွက် ခဲ့ပြီး သံရုံးဝန်ထမ်းများမှ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ကြိုတင်မဲဆန္ဒပေးခြင်းအား ၄-၁၂-၂၀၂၅ ရက်နေ့မှ ၆-၁၂-၂၀၂၅ ရက်နေ့အထိ (၃)ရက် တိုင် နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။












