Consular

ကောင်စစ်ရေးရာဌာန

 

နယူးဒေလီမြို့၊ မြန်မာသံရုံးရှိ ကောင်စစ်ရေးရာဌာနသည် အိန္ဒိယနိုင်ငံသို့ အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ သာမန်မြန်မာနိုင်ငံကူး လက်မှတ် သက်တမ်းတိုးခြင်း၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီး၍ အသစ် လျှောက်ထားခြင်း၊ အိန္ဒိယနိုင်ငံသို့ ဆေးကုသရန် လာရောက်သည့် လူနာများ၏ နိုတြီ စာရွက်စာတမ်းများအား ထပ်ဆင့်ထောက်ခံခြင်း၊ ပညာရေးနှင့်‌ပတ်သက်သည့် စာရွက် စာတမ်းများ (ဥပမာ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ ဘွဲ့လက်မှတ်များ) ထပ်ဆင့် ထောက်ခံပေးခြင်း စသည့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို နေ့စဉ်ရုံးဖွင့်ရက် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၀၉၃၀ နာရီမှ ညနေ ၁၆၃၀ နာရီအတွင်း လက်ခံ ဆောင်ရွက် ပေးလျက် ရှိပါသည်။

အခြား ကောင်စစ်ရေးရာဆိုင်ရာ ကိစ္စရပ်များအတွက် မြန်မာသံရုံး၊ ကောင်စစ်ဌာန၏ email : myandelhi@gmail.com/ consul.mydelhi@gmail.com သို့လည်း ဆက်သွယ်နိုင်ပါသည်။

 

သာမန်မြန်မာနိုင်ငံကူးလက်မှတ် Passport for Job (PJ) အမျိုးအစားကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအတွက် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ကိုင်ဆောင်ထားရေး အတွက်အသိပေးကြေညာခြင်း

၁။       မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် နိုင်ငံကူးလက်မှတ် Passport for Job (PJ) ကိုင်ဆောင်သူများအနေဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ် (သို့) နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ထွက်ခွါရာတွင် (OWIC) ကတ်အား မဖြစ်မနေ ကိုင်ဆောင်ထားရှိရမည်ဖြစ်ပါသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အလုပ်သမားဝန်ကြီးဌာန၏ Website၊ Safe Migration Facebook Page၊ Safe Migration Telegram Channel အလုပ်အကိုင်နှင့် အလုပ်သမားရှာဖေွရေးရုံးများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်စသည် များမှ တစ်ဆင့်လည်းကြေညာထားရှိပြီးဖြစ်ပါသည်။ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) အား အလုပ်သမားဝန်ကြီးဌာနတွင်လျှောက်ထားနိုင်ပြီး စိစစ်ခွင့်ပြု ထုတ်ပေးလျက်ရှိပါသည်။

 

၂။       OWIC ကတ်သည် ပြည်ပသို့သွားရောက်မည့် အလုပ်သမားများကိုသာ ထုတ်ပေးခြင်း ဖြစ်၍ ပြည်ပနိုင်ငံများတွင် အမြဲတမ်းနေထိုင်ခွင့်ပါမစ်ဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ၊ အသက်အရွယ်ကြီးရင့်ပြီး အငြိမ်းစားဝန်ထမ်းဖြစ်သူများနှင့် မှီခိုနေထိုင် သူများဖြစ်ပါက ၎င်းတို့၏ PJ နိုင်ငံကူးလက်မှတ်အား အခြားသက်ဆိုင်ရာနိုင်ငံကူးလက်မှတ် အမျိုးအစားများသို့ ပြောင်းလဲလျှောက်ထားရန် လိုအပ်မည်ဖြစ်ပါသည်။

 

၃။       ပြည်ပရှိ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများတွင် PJ Passport သက်တမ်း တိုးလျှောက်ထားခြင်း (သို့မဟုတ်) အသစ်လျှောက်ထားခြင်း ဆောင်ရွက်လိုသူများအနေဖြင့် OWIC ကတ် မဖြစ်မနေ ပူးတွဲလျှောက်ထားရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် OWIC ကတ် ကိုင်ဆောင်ထားခြင်းမရှိပါက ပြည်ပနိုင်ငံများသို့ ပြန်လည်ထွက်ခွါခွင့်ရရှိမည်မဟုတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

 

မြန်မာသံရုံး၊ နယူးဒေလီမြို့